17/09/2022
Brandy
• Brandy is the spirit resulting from distillation of a fermented fruit-based liquid, typically grape wine.
• Brandy generally contains 35%-60% alcohol by volume and is typically taken as an after-dinner drink. Brandy can also be made from fermented fruits (other than grapes) and from pomace.
ဘရန်ဒီဆိုတာ အချဥ်ဖောက်ထားသော အသီးမှရသော အရည်တစ်မျိုး အခြေခံအားဖြင့် စပျစ်၀ိုင်ကို ပေါင်းခံခြင်းအားဖြင့်ရသော အရက်တစ်မျိုးဖြစ်သည်။
ဘရန်ဒီမှာ အရက်ပမာဏ ၃၅ မှ ၆၀ ရာခိုင်နှုန်းပါပြီး ညစာစားပြီးတည်ခင်းသော ယမကာတစ်မျိုးဖြစ်သည်။
Brandy known as "Brunt wine" is an expression derived from Dutch word "Brandewijin" meaning brunt by corruption of the German Gebranntwein.
Brandy, in its broadest definition made from fruit juice or fruit pulp and skin.
ဘရန်ဒီကို မီးကျွမ်းထားသော ၀ိုင်ဟု လူသိများကြပြီး ဒတ်ချ် ဘာသာစကား “ဘရန်ဒီ၀ီဂျင်”(မီးကျွမ်းထားသော) မူလအားဖြင့် ဂျာမန် ဘာသာစကား ဂျီဘရန်ဒွန်း ဟု ဆိုလိုပါသည်။ဘရန်ဒီကို အသီးရည် အသီးအနှစ် အသီးခွံတို့မှ ထုတ်လုပ်ထားပါသည်။
ဘရန်ဒီအစ ကော့ညက်က
ကော့ညက်ဆိုတာ ချာရန်တီဒေသ၊ ပြင်သစ်နိုင်ငံ အနောက်ပိုင်းမှလာသော အရက်တစ်မျိုးဖြစ်သည်။ထိုကော့ညက်ကို ၁၇ ရာစုနှစ်များတွင် မြောက်ဥရောပဒေသ တိတိကျကျအားဖြင့် နယ်သာလန်နိုင်ငံမှ ကုန်သည်များသည် လာရိုချီလီရေဆိပ်ကမ်းတွင် ဆားကုန်ပေးပို့ခြင်း ပြုလုပ်ကြသည်။
ထိုသို့ကုန်သွယ်ရင်း ဒေသထွက်အချဥ်စူးသော၀ိုင်များကိုသယ်ယူသွားကြသည်။အခွန်ရှောင်ခြင်းနှင့် ပိုများများသယ်ယူနိုင်ရန် ရည်ရွယ်ချက်အားဖြင့် ထို၀ိုင်များကို ချက်ပြုတ်ကြသည်။ထိုမှတစ်ဆင့် သက်ဆိုင်ရာရေဆိပ်များတွင် ရေများဖြင့် ပြန်လည်ထည့်သွင်းအသုံးပြုကြသည်။အချိန်ကြာလာသည်အမျှ ချာရန်တီ၀ိုင်များအား လျော့နည်းအောင်ပြုလုပ်သောနည်းအားဖြင့် ထုတ်လုပ်ခြင်းသည် အကျိုးဖြစ်ထွန်းကြောင်း လူသိလာကြသည်။ထိုသည်မှာ ပေါင်းခံခြင်းဖြင့် အရက်ချက်လုပ်နည်း၏ ခြေလှမ်းအစပထမဖြစ်ခဲ့သည်။
ထိုမှာ ဘရန်ဒီ၏ သမိုင်းကြောင်းအကျဥ်းဖြစ်သည်။